Human resources (HR) တွေဟာ processes တွေကို အတော်လေးသတ်သတ်မှတ်မှတ် focus လုပ်ခဲ့ကြပါတယ်။ HR ကို “personnel manager”“payroll” စတဲ့ အသုံးအနှုန်းတွေနဲ့ ဘောင်ကျဉ်းကျဉ်းလေးနဲ့ သတ်မှတ်ခဲ့ကြပါတယ်။ အခုအခါမှာတော့ဘာသာရပ်တစ်ခုအနေနဲ့ အခြားသော ကိစ္စတွေကိုပါအပြန်အလှန် သဘောလေးတွေနဲ့ ကျယ်ပြန့်လို လာခဲ့ပါပြီ။
ယခု မျက်မှောက်ခေတ်ရဲ့Human Resources ဆိုတာဘာလဲ?
HR ဟာဆိုတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ၅၀ လောက်ကတည်းက တဖြည်းဖြည်းပြောင်းလဲလို့ လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကမှ တဆင့် အခြားသော အကြောင်းအရာတွေဆီကို လူတွေနဲ့ဆိုင်တဲ့ ဘောင်အတွင်းကနေ ဖြာထွက်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာ recruitment, employee engagement, retention, organizational development, training and development, compensation and benefits, health, safety and wellness, strategic planning, နဲ့ employee relations စတဲ့ ကိစ္စရပ်တွေ ပါဝင်လို့လာခဲ့ပါတယ်။
Organizations တွေက ခုနကပြောခဲ့တဲ့ ကိစ္စတွေကို သူတို့အတွက် အလုပ်ဖြစ်မယ့် ပုံစံအတိုင်း လုပ်ကိုင်လာခဲ့ကြတာ၊အချို့က ဒီကိစ္စတွေအလုံးကို HR အောက်မှာပဲ ထားပြီး လုပ်ကိုင်တတ်ကြသလို၊ အချို့ကလည်း HR ကအစိတ်အပိုင်းတခုအနေနဲ့ပဲ ပါဝင်တဲ့ Corporate Resource လို့ခေါ်တဲ့ နယ်ပယ်တစ်ခုအထိ ချဲ့ထွင်လာကြပါတယ်။
မျက်မှောက်ခေတ်ရဲ့ Human Resources ကို လွှမ်းမိုးနေတဲ့ အဓိက အကြောင်းအရာများ
Human Resources တိုးတက်မှုအပေါ် ကြီးမားတဲ့ သက်ရောက်မှု တခုကို ဖြစ်စေတဲ့ အဓိက အကြောင်းတရား များစွာ ရှိပါတယ်။ ဘာတွေလဲ ဆိုတော့
Technology လို့ခေါ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကိစ္စများဖြစ်ပါတယ်။ အဲ့ဒါတွေဟာ ကျွန်တော်တို့ အလုပ်ကို ဒီဇိုင်းသတ်မှတ် ပုံစံချတဲ့အပေါ် သိသာတဲ့သက်ရောက်မှုတွေ ရှိခဲ့တယ်၊ ရှိနေတယ်။ ဒီကိစ္စဟာ အလုပ်သမားတွေကိုလည်းorganization က ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့ အရာတွေအပေါ် အမှီလိုက်နိုင်ဖို့ စိန်ခေါ်မှုတွေ ပေးနေပါတယ်။
နောက်ထပ် အကြောင်းတရားတခုက Globalization လို့ခေါ်ပါတယ်။ ကုမ္ပဏီအတော်များများဟာ နိုင်ငံရပ်ခြားတွေကို လုပ်ငန်းချဲ့ထွင်လာကြပြီး ဝန်ထမ်းတွေကလည်း အမျိုးမျိူးသော နေရာဒေသတွေကို သွားရောက်လုပ်ကိုင်လာကြရတာကို ဆိုလိုတာဖြစ်ပါတယ်။
နောက်တခုက Demographics လို့ခေါ်ပါတယ်။ ဝန်ထမ်းတွေဦးရေးစာရင်းဇယားပဲဖြစ်ပါတယ်။ ဝန်ထမ်းအချို့ဟာအသက်ကြီးလာကြပြီး အနားယူကြတော့မယ်။ လက်ရှိ Talent Pool ကလည်း သေးလာတယ်။အသက်ကြီးတဲ့သူတွေ ဘာတွေလိုအပ်လို့ အသက်ငယ်တဲ့သူတွေ ဘာတွေကို ရှာဖွေနေကြလဲ။
Contingent workforce management လို့ခေါ်တဲ့ ယာယီဝန်ထမ်း စီမံခန့်ခွဲမှုကလည်း အကြောင်းတရားတခုပဲ ဖြစ်ပါတယ်။ ဝန်ထမ်းအင်အားလိုအပ်မှု အတက်အကျဖြစ်တဲ့ လုပ်ငန်းတွေကို စီမံဆောင်ရွက်နို်င်ဖို့၊ ရေရှည် ဝန်ထမ်ကုန်ကျစရိတ်ကို စီမံဆောင်ရွက်ဖို့ part-time, temporary, and contract workers စတဲ့ယာယီဝန်ထမ်းကို အသုံးပြုဖို့ စီမံခန့်ခွဲတာကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ပြောရရင် အလုပ်များနေတဲ့အချိန်မှာ အနားယူတဲ့ ဝန်ထမ်းဟောင်းတွေကို ခနပြန်ခေါ်ခိုင်းတာမျိုး ဖြစ်ပါတယ်။
အခုလက်ရှိအနေအထားအရ ဝန်ထမ်းအင်အားစုကြီးကို အကောင်းဆုံး စီမံခန့်ခွဲတဲ့ ကိစ္စမှာ training and development က သိသာထင်ရှားတဲ့အခန်းကဏ္ဍအနေနဲ့ ပါဝင်နေပါတယ်။ ဒီနေရာမှာ Development ဆိုတာ strategic thinking ကိုရေရှည်မှာ အထောက်အကူပေးမှာ ဖြစ်ပြီး အတွေ့အကြုံတွေကိုလည်းရရှိစေမှာဖြစ်ပါတယ်၊ ရည်မှန်းတွေကို အောင်မြင်စေဖို့လည်း ရည်ရွယ်ပါတယ်။ Training ဆိုတာကတော့ အလုပ်လိုအပ်ချက်အရ အပြုအမူတွေ၊ စိတ်နေစိတ်ထားတွေပြောင်းလဲစေဖို့ ပြုလုပ်ပေးရတာဖြစ်ပါတယ်။
Organizations တွေဟာ အခုဆိုရင် လက်တလော အလုပ်လိုအပ်ချက်ကို ဖြေရှင်းပေးကြတာထက် ဝန်ထမ်းတစ်ဦးချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှင့် သူတို့ရဲ့ career တိုးတက်ဖို့ ပိုပြီး လုပ်ကို်င်ပေးလာကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်industry တစ်ခုလုံးကို lifelong learning ဖြစ်လာအောင် ဦးဆောင်ပေးလာကြပါတယ်။ ဒီအခါမှာ employee retention ကို ရရှိစေလာပြီး နည်းပညာ အပြောင်းအလဲတွေကို ရင်ဘောင်တန်းလာနိုင်ပါတယ်။ Demographic လို့့ခေါ်တဲ့ ဝန်ထမ်းတွေရဲ့ အရေအတွက် အပြောင်းအလဲ ကိုလည်း ရင်ဆိုင်လာနိုင်ပါတယ်။
Human Resource Management ရဲ့ တိုးတက်ကြီးထွားလာမှု
human resources က ပြောင်းလဲလာတာနဲ့ အမျှ ဝန်ထမ်းတွေကို စီမံခန့်ခွဲပုံကလည်း ပြောင်းလဲလာနေပါတယ်။organization အတွင်းနဲ့ ကျွန်တော်တို့ရဲ့ human resources skills အားသာချက်တွေကို ကောင်းမွန်စွာ အသုံးချလာနိုင်တာကြောင့် fair ဖြစ်တဲ့ safe ဖြစ်တဲ့ engaging ဖြစ်တဲ့ workplace ကို ဖန်းတီးထိန်းသိမ်းလာနိုင်တဲ့ စွမ်းရည်တွေ ရှိလာကြပါတယ်။
organizations တွေရဲ့ သဘောသဘာဝတွေ ပြောင်းလဲလာတာနဲ့အမျှ HR practices တွေနဲ့ theories တွေကလည်း လိုက်ပြီးပြောင်လဲလာကြပါတယ်။ ဘာတွေပဲပြောင်းလဲလာကြပါစေ သူတို့တွေက ဆက်လက်ပြီး organizations နဲ့ သူတို့support လုပ်တဲ့ လူတွေကို ပိုမို ကောင်းမွန်စေလာမှာ ဖြစ်ပါတယ်။
အခုလက်ရှိမှာ ဖြစ်ပေါ်နေတဲ့ human resources management ရဲ့ trends အချို့ကတော့
- Onboarding (company အထဲကို ဝန်ထမ်းအသစ်တွေ ခေါ်ဆောင်လာတဲ့ process ဖြစ်ပါတယ်။)
- Proactive recruiting (သူတို့တွေ company ကို မ join ခင် နှစ်အတော် စောစောကတည်းက recruitment process ကိုစတင်ခဲ့တာကို ဆိုလိုပါတယ်။)
- work-life balance ကို focus လုပ်ခြင်း
- ရေရှည်တည်တန့်နိုင်မယ့် improvement တွေရရှိစေမယ့် Lean နဲ့ Six Sigma methods တွေကို မိတ်ဆက်ပေးခြင်း စတာတွေဖြစ်ပါတယ်။

No comments:
Post a Comment